Global Kitchen Day & Acadex
WBIS ဖေဖေ၊မေမေ သားသား၊မီးမီးများရှင့်… ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ မတ်လရဲ့ အထူးအစီအစဉ် (၂) ခုက အခုဆိုရင် စောင့်ကြိုနေပါပြီ။
အရသာရှိတဲ့ အစားအသောက်တွေနဲ့ မိသားစုဝင်တွေလို ရင်းနှီးခွင့်ရမယ့်ပွဲ၊ ပြီးတော့ သားသားမီးမီးတို့ရဲ့ နောက်နှစ်ပညာရေးအတွက် ယုံကြည်မှုအပြည့်နဲ့ စတင်နိုင်မယ့်ပွဲ… ဒီပွဲကြီး (၂) ခုစလုံးကို တက်ရောက်နိုင်ဖို့ အခုလိုလေး ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
🍲 Global Kitchen Day
ဒါကတော့ WBIS မိသားစုဝင်တွေရဲ့ လက်ရာစွမ်းပြပွဲလေးပါ။ ကမ္ဘာတစ်ဝှမ်းက ထူးခြားတဲ့ ရိုးရာဟင်းလျာတွေကို တစ်နေရာတည်းမှာ မြည်းစမ်းရင်း ဖေဖေမေမေတို့အချင်းချင်း မိတ်ဆွေသစ်ဖွဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
ဖေဖေမေမေတို့ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ စစ်မှန်တဲ့အရသာများ၊
နွေးထွေးတဲ့ Community တစ်ခုကို အတူတူတည်ဆောက်ခွင့်နှင့်
သားသားမီးမီးတို့အတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ အစားအသောက် ပွဲတော်ရက်လေးကို
မတ်လ ၇ရက် စနေနေ့မှာ Wisdom Bridge International School ကျောင်းဝန်းအတွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်…
ပွဲသို့ကိုယ်တိုင်ပါဝင်ဆင်နွှဲမည့် ဖေဖေမေမေနှင့်သားသားမီးမီးတို့ ဒီ Google Form မှ တစ်ဆင့် Registration လုပ်ပေးလို့ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSfjNET7SxMfy4HfF7fkysQco4v14M-uYM6Zlg1GTPCpMah3Xw/viewform?usp=dialog
📚 နောက်တစ်ခုကတော့ သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် အကျိုးရှိစေရန် မတ်လ၁၄ရက် စနေနေ့မှာ ကျင်းပပေးသွားမည့် Acadex
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံထားပြီးသော ကျောင်းသား/သူများအတွက်
စာသင်နှစ်သစ်မှာ အခက်အခဲမရှိ အဆင်ပြေပြေ တက်ရောက်နိုင်ဖို့ Acadex က အကောင်းဆုံး အထောက်အကူပြုမှာပါ။
သင်ခန်းစာတွေကို ကြိုတင်လေ့လာခွင့်ရလို့ ကျောင်းဖွင့်တဲ့အခါ အစိမ်းသက်သက်မဖြစ်တော့ဘဲ ယုံကြည်မှုရှိရှိ တက်ရောက်နိုင်မှာပါ။
သင်ခန်းစာတွေကို Fun & Learn Activities လေးတွေနဲ့ အစမ်းလေ့ကျင့်ပေးသွားမှာမို့ ဆရာ/ဆရာမတွေနဲ့ ကလေးတွေကြားမှာ နွေးထွေးတဲ့ ရင်းနှီးမှု ရရှိစေမှာပါ။
မတ်လ (၇) ရက်နေ့မှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ အတူဆုံကြမယ်၊
မတ်လ (၁၄) ရက်နေ့မှာတော့ သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် အခြေခံကောင်းတွေ အတူတူယူကြမယ်နော်။
သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက်ရော၊ မိဘများရဲ့ အပန်းဖြေနားနေမှုအတွက်ပါ ပြီးပြည့်စုံတဲ့ ဒီပွဲလေးတွေကို တက်ရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင့်။
⭐Wisdom: The Bridge To A Brighter Future⭐
📞Hotline: 09 786251300
📍Address: အမှတ် (၆)၊ ငါးမာန်အောင်ဘုရားလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရွှေပင်လုံအိမ်ရာ၊ ရန်ကုန်မြို့။
WisdomBridgeInternationalSchool #WBIS #InternationalSchool #YangonMyanmar #GlobalKitchenDay #Acadex

